ဘုတ်ပြင်း အောက်တိုဘာ ၁၂
၂၀၂၂ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့်(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး အောင်စိုး ဦးဆောင်၍ ယနေ့နံနက်က ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိဘုရားတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင်ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး အောင်စိုး၊ဘုတ်ပြင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင်၊မြို့မရဲစခန်းမှူး ဒုရဲမှူး မြဇော်နှင့် အရာရှိနှင့်တခြားအဆင့် တပ်ဖွဲ့ ဝင်များစုပေါင်း၍ ဘုရားရင်ပြင် ၌သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စောင်းတန်းနှင့် တောင်ပတ်လမ်းတို့တွင် သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ဘုရာပတ်ဝန်းကျင်းအား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)