အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
၂၀၂၂ ခုနှစ် ၊အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင် ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွားထိုးကြီးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့နံနက် ၇ နာရီက ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမူသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမူ နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ခိုဖိတ်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားစေရန်၊ သံဃာကိစ္စ သံဃာဆောင်ရွက်ရာတွင် ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် သံဃနာယကအဖွဲ့က ကြီးမှူးဖွင့်လှစ်သော မြို့နယ် ဝိနည်းဓိုရ်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယက ဆရာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 12,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသည့်
Sep 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နမ့်တုတ်ကျေးရွာ၊ ဖာလံကျေးရွာနှင့် ပန်တန်ကျေးရွာအုပ်စုများရှိ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Sep 12,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊  ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ နယ်မြေခံတပ်မတော်သားများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက လှိုင်ဝကျေးရွာ ဘောလုံးကွင်းတွင် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။