တာမွေ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် (၁၀:၀၀)အချိန်က ကျောင်းသား/ သူများအား စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျောင်းသား/သူများအား စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ရေး အကြောင်းအရာများ၊ ဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားပြီး ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာပုံ စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကို သိရှိနားလည်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများစွာ ရရှိစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မို့မို့အောင်(ပြန်/ဆက်)