အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 12,2022
တောင်သာမြို့နယ် ဆည်ကုန်းကျေးရွာသည်    စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်   ဆောင်ရွက်ပြီး မိသားစု စားဝတ်နေရေးအတွက်  တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ၍   စိုက်ပျိုးရေး လုပ်ငန်းဖြင့် အဆင်ပြေသည့် ကျေးရွာတစ်ရွာဖြစ်ရာ ယခုနှစ်သည် ယခင်နှစ်ထက် မိုးပိုလာ သဖြင့် တောင်သူများမှာ ယာခင်းများ၌  တိုင်ထောင်ခရမ်းချဉ်ပင်များ  စိုက်ပျိုးထားရှိလာကြောင်း  သိရသည်။
Sep 12,2022
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။
Sep 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၂) ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စီမံကိန်းဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။
Sep 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ လူသွားလူလာများသည့် ကားလမ်းမများသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။