ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေး

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား မြို့နယ်ရပ်ကွက်များအလိုက် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစ၍လည်း သခင်ဘသောင်းရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး လျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဆန်တစ်ပြည်လျှင် ၁၆၀ဝ/-ကျပ်၊ ဆီတစ်ပိဿာလျှင် ၅၃၀ဝ/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/- ကျပ်နှုန်းဖြင့်၊ လူတစ်ဦးလျှင်ဆန်(၃)ပြည်၊ ဆီ(၂၅)ကျပ်သား၊ ကြက်ဥ(၁၀)လုံးနှုန်းဖြင့် ဆန်(၇)အိတ်၊ ဆီ(၁၁၀)ပိဿာနှင့် ကြက်ဥအလုံး ၃၀ပါ ကတ် (၂၇)ကတ်တို့ကို ရပ်ကွက်နေပြည်သူ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး၊ ကျန်ရှိသောရပ်ကွက်များတွင်လည်း ယခုကဲ့သို့ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝေယံ(IPRD)