ပြည်ကြီးမဏ္ဍိုင်မြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှု ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  စက်တင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လေညာအရှေ့ရပ် ကွက်လမ်းဆုံ၌ အသိပညာပေးဆာင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီပူးပေါင်းအဖွဲ့က လေညာအရှေ့ရပ်ကွက်တွင် ဖြတ်သန်းသွားလာနေသောဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်အပြည့် ထိုးနှံကြရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ် ပြန်ထားသောညွှန်ကြားချက်များကိုလိုက်နာကြရန်စသည်တို့ကို အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ တပ်ဆင်ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)