အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ စည်ပင်သာယာစျေးကြီး တောင်ဘက်နှင့် ထားဝယ်မြို့ စည်ပင်သာယာစျေးကမ်းနားလမ်းတို့တွင် ယနေ့နံနက်ပိုင်းက  အခြေခံစားကုန်ဖြစ်သည့် စားအုန်းဆီတစ်ပိဿာလျှင် (၅၆၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ 
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ  ရှာဖွေနိုင်သည့် စာအုပ်/စာစောင်များ ဖတ်ရှုသည့်အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် စာသုံးသူရေးရာဦးစီးဌာနတို့တွင် စာအုပ်စာစောင် များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
Sep 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၈ နာရီ အချိန်တွင် မြို့ပေါ်၌ ယာဉ်မောင်းသူများအား အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက်၊ အောင်နန်း (၄) လမ်းနှင့် အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
Sep 12,2022
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲလင်းသူနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီကတံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် အလယ်ပိုင်းစစ်ဌာနချုပ်တပ်နယ်မှူးရုံး (ကျောက်ဆည်)၏ အစီအစဥ်ဖြင့်ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရန်ယနေ့နံနက် (၆)နာရီခွဲအချိန်မှစ၍ မြစ်သားမြို့ရှမ်းပွဲ ရပ်ကွက်ရှိရွှေမုဋ္ဌော  ဘုရားဘောလုံးကွင်းအတွင်း၌ ရောင်းချပေးကြောင်း သိရသည်။
Sep 12,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  လူထုအခြေပြု‌ဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို မိဘပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။