ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေး

ဘားအံ စက်တင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက်၊ အောင်နန်း (၄) လမ်းနှင့် အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/-၊ ဆီတစ်ဘူးလျှင် ငွေကျပ် ၂၈၀၀/- နှုန်းဖြင့် ဆန်အိတ်(၂၀)အိတ်၊ ဆီ(၁၀)ဖာ၊ ကြက်ဥ(၂၀)ကတ်တို့ကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရောင်းချခြင်းကို ဘားအံမြို့ပေါ်ရှိ ရပ်ကွက် (၉) ခုနှင့် ဘားအံမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု(၁၃)အုပ်စုသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)