ပိုင်ကျုံ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို မိဘပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဲချိုက (Talk Show) ဆွေးနွေးပွဲဆောင် ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက လူကုန်ကူးသူများက လူကုန်ကူးမှုများ ဆောက်ရွက်ရသည့် ရည်ရွယ်ချက်များ၊ လူကုန်ကူးသူများသည် မည်သည့်လူအုပ်စုမျိုးကို အဓိကပစ်မှတ်ထားပြီး လူကုန်ကူးပါသလဲ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကွာယ်ရေးနေ့ကို မည်သည့်ခုနှစ်တွင် သတ်မှတ်ပြဌာန်းခဲ့ပါသလဲနှင့် လူငယ်များလူကုန်ကူးမှုမခံရအောင် ရှောင်ရန်/ဆောင်ရန်စသည့် အသိပညာပေးအကြောင်းအရာများ ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် ပိုင်ကျုံမြို ပြည်သူ့စာကြည့်တိုက် Page တွင် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက် ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းများအပြင် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကိုလည်း လစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)