သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကျင်းပ

သရက်ချောင်း စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင်  သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာ‌ရေးကို စောင့်ရှောက်ပေးမှုနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများကို ပြည်သူများ သိရှိစေရန် တိုင်းရင်းဆေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ရိုက်ကူးရခြင်း ဖြစ်ကြောင်းဆွေးနွေးပြီး သရက်ချောင်းမြို့နယ်၊ တိုင်ရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ရွက်ဝါအောင်က တိုင်းရင်းဆေးပညာနှင့် ပတ်သက်သည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် Talk Show အစီအစဉ်များ၊ ဆွေးနွေးပွဲများစသည့် အခြား အသိပညာ ဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိပြီး သရက်ချောင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် We Love Thayetchaung Facebook Page တို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နန်းခလိုက် (သရက်ချောင်း)