Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘားအံမြို့၌ စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရှာဖွေနိုင်သည့် စာအုပ်/စာစောင်များ ဖတ်ရှုသည့်အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် စာသုံးသူရေးရာဦးစီးဌာနတို့တွင် စာအုပ်စာစောင် များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့ပေါ်၌ ယာဉ်တိုက်မှုအန္တရာယ်လျော့ချနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညားပေး ကွင်းဆင်းဆောင်ရွက်
Sep 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၈ နာရီ အချိန်တွင် မြို့ပေါ်၌ ယာဉ်မောင်းသူများအား အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေး
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက်၊ အောင်နန်း (၄) လမ်းနှင့် အမှတ်(၉)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်
Sep 12,2022
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲလင်းသူနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီကတံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk S…
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့တွင် ပြည်သူများအတွက်အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Sep 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် အလယ်ပိုင်းစစ်ဌာနချုပ်တပ်နယ်မှူးရုံး (ကျောက်ဆည်)၏ အစီအစဥ်ဖြင့်ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရန်ယနေ့နံနက် (၆)နာရီခွဲအချိန်မှစ၍ မြစ်သားမြို့ရှမ်းပွဲ ရပ်ကွက်ရှိရွှေမုဋ္ဌော ဘုရားဘောလုံးကွင်းအတွင်း၌ ရောင်းချပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို မိဘပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့တွင်အသက်(၁၂)နှစ်မှ(၁၈)နှစ်ထိကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Sep 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်ကျောင်းနေအရွယ်ကလေးများကျန်း မာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ် တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအားဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16122
Page
16123
Page
16124
Page
16125
Current page
16126
Page
16127
Page
16128
Page
16129
Page
16130
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department