အမ်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး

အမ်း စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်   ဂျပနဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ထိုးနှံပေးလျက်ရှိ​ကြောင်း

ထိုသို့ ထိုးနှံရာတွင် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးအား အသက် ၅ နှစ်မှ ၉ ထိ ကျောင်းသား/ ကျောင်းသူ ၃၂၅ ဦးကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose)အား တတိယအကြိမ်အဖြစ် ၁၂ နှစ် အထက် ကျောင်း သား/ကျောင်းသူ (၄၅၄)ဦးအား ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ် ဆေးထိုးနှံရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ အမျိုးသမီးရေးရာ  မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အနေ အထားရောက်ရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာစေခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း