တမူး စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် (Mask Campaign)နှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီ အချိန်က တမူးမြို့ မြို့မစည်ပင်သာယာစျေးနှင့် တမူး- ဟဲဇင်းကျေးရွာသွား လမ်းဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြုလုပ်ရာတွင် တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာသာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး နေအိမ်ပြင်ပသို့ သွားလာကြသည့်ပြည်သူများ၊ စျေးရောင်း/ စျေးဝယ်သူများအား ကျန်းမာရေးအသိဖြင့် စည်းကမ်းရှိရှိသွားလာစေရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာစေရေးတို့ကို အသိပညာပေးခဲ့ပြီး ပြည်သူများ လက်ဝယ်သို့ Masks (၁၁၀၀) ခုတို့နှင့် ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရတနာ (ပြန်/ ဆက်)