နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများလှူဒါန်း

လွိုင်ကော်     စက်တင်ဘာ   ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲခရိုင်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း၌ ဘောလခဲမြို့အဝင် မဟာကန္တရတိဏ္ဏဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း၊ ကွမ်း၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇင် (လွိုင်ကော်)