Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘူးသီးတောင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ (အထစ) နှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များအား ပြည်သူ့များသို့ဖြန့်ဝေ
Sep 24,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်းကာ ယနေ့နံနက် (၉) နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယစျေးရှေ့၌ လမ်းသွား/ လမ်းလာများနှင့် စျေးရောင်း/ စျေးဝယ်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲကြသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း စာအုပ်လှူဒါန်းပွဲကျင်းပ
Sep 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေလျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအတွက် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Sep 24,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက(ခွဲ)မြို့မ-ပုဏ္ဏားကျွန်း၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ်ခန်းတွင် ကျင်းပပြလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လီလုကျေးရွာတွင် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 24,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် လီလုကျေးရွာတွင် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန် မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည် ဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 24,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ဉာဏစွမ်းရည်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းပြသင်တန်း ဆင်းပွဲ ကျင်းပ
Sep 24,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမူ သင်တန်းကျောင်း ရှိအစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမူနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးနည်းစနစ်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး တောင်သူပညာပေးသင်တန်းဖွင့်လှစ်ပ…
Sep 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဝါသီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ တောင်သူပညာပေးသင်တန်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15823
Page
15824
Page
15825
Page
15826
Current page
15827
Page
15828
Page
15829
Page
15830
Page
15831
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department