အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယနေ့ နံနက်(၉) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  Mask Campaign ပြုလုပ်ခဲ့သည်။
Sep 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (BEd) (၅)နှစ် သင်တန်းအမှတ်စဉ် (၁၀)အတွက် ၀င်ခွင့်ရေးဖြေ စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့ အ.ထ.က ကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
Sep 24,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် "လူငယ်နှင့်အောင်မြင်မှု" ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 24,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း၊ အမှတ်စဉ်(၁၀) ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Sep 24,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ အဘိသန္နဗိမာန်တော်၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ပဓါနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်အမှူးပြုသည့်  ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Sep 24,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေ၊ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဥက္ကာကိုတို့က ကြီးကြပ်၍
Sep 24,2022
ပြ​ည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့်  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅) နှစ်သင်တန်း အမှတ်စဉ် (၁၀) အတွက် သင်တန်းဝင်ခွင့် ​ရေးဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Sep 24,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မွန်​ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံ​ဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။