ဘူးသီးတောင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ (အထစ) နှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များအား ပြည်သူ့များသို့ဖြန့်ဝေ

ဘူးသီးတောင် စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်းကာ ယနေ့နံနက် (၉) နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယစျေးရှေ့၌ လမ်းသွား/ လမ်းလာများနှင့် စျေးရောင်း/ စျေးဝယ်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲကြသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ၆၆/၆ (အထစ) နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-lD Biographic Registration Software နည်ပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့ နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းမှ အသိပညာပေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

လှကျော်(ပြန်/ဆက်)