ပျဉ်းမနား စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေလျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအတွက် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်များ အဆင့်မြှင့်တင်ဆောင် ရွက်နေမှုအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများ ရှင်သန်ခိုင်မာရေးအတွက် ပူးပေါင်းဆောင် ရွက်သွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် စာရေးဆရာကြီးများက မုဒိတာစကားများ ပြောကြားပေးကြပြီး ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ကိုထွန်း-ကျယ်ဂေါင်)က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်များနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်(၁၀၀)နှင့် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်(၁၀၀) လှူဒါန်းပေးသည့် ဆရာဦးသိန်းဟန် (ရာမည-သွေးမွန်)၊ ပြည်ထောင် စုနယ်မြေစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ် (၁၀၀) လှူဒါန်းပေးသည့် ဆရာဦးတင်မောင်အေး (ယဉ်ကျေးဆု) တို့အား ပြည်ထောင်စုနယ် မြေစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ကိုထွန်း-ကျယ်ဂေါင်) က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင် ဒေးရှင်းမှလှူဒါန်းသည့် သုတ/ရသ စာအုပ်မျိုးစုံ (၃၀၀) ကို ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း (ကိုထွန်း-ကျယ်ဂေါင်) ကပေးအပ်ရာ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေအတွင်းရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေ လျက်ရှိသည့် ကျေးရွာစာကြည့်တိုက် များအတွက် သုတ/ရသစာအုပ် (၈၀၀)ကို ပြည် ထောင်စုနယ်မြေစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ စာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြကြောင်း သိရသည်
မြို့နယ်(ပြန်/ဆက်)