ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လီလုကျေးရွာတွင် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

နမ့်ဆန် စက်တင်ဘာလ ၂၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် လီလုကျေးရွာတွင် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်()နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်မည့် Natural Current Energy Hydropower Co.Ltd မှ ရေဝပ်ဧရိယာအတွင်းကျရောက်သည့်လီလုကျေးရွာကို IFC A Guide  for Developers and Investors နှင့် အညီထိခိုက်မှုအသက်သာဆုံးဖြင့် ပြန်လည်နေရာချထား နိုင်ရေးကြိုတင်စီစဉ်ထားရာ တစ်အိမ်လျှင်မြေကွက်အကျယ် ၈၀ပေ×၈၀ပေ သို့မဟုတ် ၆၀ပေ×၆၀ပေ လျာထားပါကြောင်း၊ အဆိုပြုနေအိမ်ဒီဇိုင်းပုံစံ ()ခု၊ ရွာတွင်းလမ်းအကျယ် ၆၀ပေ×၄၀ပေ တို့ဖြင့် ရေးဆွဲထားပါကြောင်း ကျေးရွာရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စီစဉ်ပေးရန်လျာထားပါကြောင်း၊ ဘာသာရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ  ဆွေးနွေးတင်ပြ ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)