အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Sep 24,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့ နယ်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခိုင်ပြစ်ပြိုင်ပွဲ၌ ဆုရရှိသည့် အားကစားသမားများအား ဆုချီးမြင့်ပွဲနှင့်ရရှိခဲ့သည့် တံခွန်စိုက်ဒိုင်းဆုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ပိုးလောက်လန်း သတ်ဆေး (အဘိတ်ဆေး)ခတ်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာ ရုံးများနှင့် ပိန်းဆန်းရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Sep 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များကို ‌ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအားရောင်းပေးခြင်း ယနေ့နံနက် (၇)နာရီအချိန်က လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာသော မြို့ပြများဖြစ်လာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်း‌ရေး ဆောင် ရွက်ခဲ့ကြသည်။
Sep 24,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာ မျိုးစေ့ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။