လပွတ္တာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၂၄


ဧရာဝတီတိုင်းဒေသကြီး၊​ ​လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာနေရာများတွင် ယ​နေ့နံနက် (၈)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ထွေ/ အုပ်မှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လူစည်ကားရာနေရာများဖြစ်သည့် လပွတ္တာမြို့၊ အမှတ် (၇) ရပ်ကွက်၊ သြဘာလမ်းနှင့် မြို့ပတ်လမ်းဆုံ၊ နန္ဒာဝန်ဈေးလမ်းဆုံ၊ အမှတ်(၆)ရပ်ကွက်ရွေးနဒီ (ရေပေါ်ဈေး) လမ်းဆုံ
တို့တွင် လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်းစျေးဝယ်ကြသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign အဖြစ် နှာခေါင်းစည်းMask (၂၅၀၀)ခု အားအခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာ(ပြန်/ဆက်)