အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး တိုင်းရင်းသားဘာသာများဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
Sep 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက သာယာဝတီခရိုင် မီးသတ်ဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 24,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ပြည်နယ်ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ရပ်ကွက်တွင်းလမ်းများကို ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။
Sep 24,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင် ကျေးရွာ(၃)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ဖြင့် ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့​သည်။
Sep 24,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့သည်။
Sep 24,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးဘိုးဘွားများအနေဖြင့် ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ
Sep 24,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အဆုတ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်မှုကို ယနေ့နံနက်ပိုင်းက အထကကျွဲခြံကျောင်း လမင်းတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။