အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြေးခုန်ပစ်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံက သိရသည်။
Sep 24,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ ပဉ္စဗလ ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Sep 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ ရေအေးကန် ရေဝင်ရေလွှဲ စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို၊ ယနေ့နံနက် ၉ နာရီအချိန်က ရေအေးကန်အနီးရှိ ကလောသစ်တောကြိုးဝိုင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။
Sep 23,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်(၁၁)နာရီက ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက်၉နာရီခွဲအချိန်မှစတင်ပြီး အနောက်ရပ်ကွက် ၊ နယ်မြေ(၂) အရိပ်ကုန်စုံဆိုင်တွင် ရောင်းချပေးနေကြောင်းသိရသည်။
Sep 23,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးနှင့်မိဘပြည်သူများက ကြိုတင်ကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နေအိမ်ပြင်သို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးစေရေး Mask Campaign ပြုလုပ်ခြင်းကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၇ နာရီခွဲခန့်က ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်းဆုံနေရာ၌ ခရီးသွားများထံ (Mask)အခု(၂၀၀)ကျော်ကို အခမဲ့ဝေငှပေးပြီး ပညာပေး Mask Campaign ပြုလုပ်ပေးကြကြောင်း သိရသည်။
Sep 23,2022
နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဆုတောင်းပြည့်လောကမာရဇိန်ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ကျင်းပရာ ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇာဂရ မထေရ်မြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များ တက်ရောက် ကြသည်။