အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)ခွဲနာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Sep 26,2022
အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမှတ် (၅၃၄) ခြေမြန်တပ်ရင်းမှ တပ်ရင်းမိသားစုဝင်များက မြို့နယ်နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်မှစတင်၍ ၁၀ နာရီအချိန်အထိ အမှတ် (၁၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့သည်။
Sep 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းအသီးသီးတို့မှ ဘာသာသာသနာကို အကျိုးပြုနေသည့် သာသနာ့အနွယ်ဝင်သီလရှင်ပေါင်း(၅၅၇)ပါးတို့အား “အေးအေးချမ်းချမ်းနဲ့ သာသနာပြုနိုင်ဖို့၊ ဘာသာရေးလုပ်ငန်းမှာ စိတ်ဝင်တစားနဲ့ ပျံ့ပွားလာစေဖို့အထောက်အပံ့ပြုပေးရန်”ရည်ရွယ်လျက် ဦးမောင်တိုး-ဒေါ်သန်းသန်းယု(ရန်ကုန်မြို့-ယုဇန) အလှူရှင်မိသားစုမှကြီးမှူး၍ မြို့နယ်လုံး ကျွတ်သီလရှင် ဝတ်စုံများနှင့် ဆန်အပါအဝင် အသုံးအဆောင်ပစ္စည်းမျိုးစုံပါသည့် ဆွမ်း-ဆန်စိမ်းလောင်လှူပွဲကို မြိတ်မြို့-တပ်ပြင်ရပ် ကွက်၊ ရွှေကျင်တိုက်-သီလရှင်ကျောင်းဝင်းအတွင်း ၁၃၈၄ခုနှစ်၊သီတင်းကျွတ်လဆန်း(၁)ရက် စက်တင်ဘာလ၂၅ရက်နေ့ နံနက် ၉နာရီအချိန်က (ပထမ)အကြိမ်အဖြစ် ထူးခြားစွာ ကျင်းပရာ အလှူရှင်များနှင့်အတူ ဖိတ်ကြားထားသော စေတနာရှင်/အလှူရှင်များ/လူမှုအဖွဲ့အစည်းအသီးသီးမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများဘဝ တိုးတက်မြင့်မားရေး အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေး Talk Show ကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့်
Sep 26,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂ဝ၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံသိဝ ကျေးရွာအုပ်စု၊ အလန်းဒွတ်ကျေးရွာတွင် ငွေကျပ်သိန်း (၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 26,2022
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သူငယ်တော်ရွာအုပ်စုသူ ငယ်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသောကျေးရွာသူ၊ ကျေးရွာသားများကိုပန်းခင်း စီမံချက်အဆင့် ၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ငါးရိက္ခာဖူလုံစေရန်နှင့် ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မျိုးဆောင် ငါးသလောက်ငါးများ သားပေါက်ရန် ဘိုကလေးမြစ်ကြောင်းမှ ရေချိုသို့ရွှေ့ပြောင်းသွားလာသည့် ရာဇူတိုင် မြစ်ကြောင်းတစ်လျှောက်တွင် စက်တင်ဘာ(၁၅)မှ အောက်တိုဘာ(၁၅) ရက်နေ့အထိ မျိုးဆောင်ငါးသလောက်ငါးများ ဖမ်းဆီးမှုမရှိရေး အသိပညာပေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က ရာဇူတိုင်မြစ်ကြောင်းတစ်လျှောက် ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။