ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်မျိုးစိတ်သစ် BA-5ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ရသေ့တောင် စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကြီးကြပ်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် အများပြည်သူလှုပ်ရှားသွားလာရာ လူစည်ကားရာနေရာများနှင့် စျေးအတွင်း၌ အသိပညာပေးဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့သည် မြို့မစျေး၊ စျေးရှေ့ လမ်းသွားလမ်းလာ ပြည်သူများ၊ လမ်းမပေါ်၌ သွားလာလှူပ်ရှားနေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ခရီးသွားပြည်သူများ၊ မြို့မစျေးအတွင်း ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ကာကွယ်ထိန်ချုပ်နိုင်ရေး ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကိုလည်း အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၅၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး Mask Campaign ကို စက်တင်ဘာ ၁၉ရက်မှ စတင်ပြီး အပတ်စဉ်တနင်္လာနေ့များတွင် ပုံမှန်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)