လိပ်သို စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ကရင်/မြန်မာနှစ်ဘာသာဖြင့် ယနေနံနက် ၉ နာရီ အချိန်က လိပ်သိုမြို့ ပေါ်/ ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် မျိုးစိတ်သစ်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များနှို းဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန် မျိုးစိတ်သစ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်သူများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ဒေသနေပြည်သူများအနေဖြင့် မိမိအိမ်အတွင်းသာနေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာ ပါက ပါးစပ်၊နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်များကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးနည်းလမ်းများကို အသိပညာပေးတိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို လိပ်သိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)