Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပူတာအိုမြို့နယ်၌ Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ လိုက်နာရေး အသံချဲ့စက်ဖြင့်နှိုးဆော်
Sep 26,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူ များ သွားလာနေထိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသံချဲ့စက် ဖြင့်နှိုးဆော်ခြင်းကို စက်တင်ဘာ (၂၃)ရက်နေ့ နံနက်(၇)နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ မြို့မဈေးနှင့် နံနက်ခင်းဈေး၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့ အမက(ကောင်ကထောင်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကွင်းဆင်းဆောင်ရွက်
Sep 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကောင်ကထောင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို စက်တင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါ ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်း (Booster dose) ဆက်လက်ထိုးနှံ
Sep 26,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်
Sep 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ စည်ပင်သာယာစျေး၌ Mask Campaign ကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာဝန်ထန်းများနှင့် အသင်းအဖွဲ့တာဝန်ရှိသူများ စုပေါင်း၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲကျင်းပ
Sep 26,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာ ဆောင်ရွက်မှုရှိစေရေးတို့အတွက် ပညာပေးစစ်ဆေးခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က မြို့အဝင်၊ အထွက် ဘုရားလမ်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အိမ်မဲမြို့နယ် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများတွေ့ဆုံ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် Contract Farming အကျိုးတူ လယ်ယာစနစ်ဖြင့် မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများတွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 26,2022
မန္တလေးတိုင်းဒေသကကြီး၊ အမရပူရမြို့လေးစုရပ်ကွက်ရှိ အမှတ်၁အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်၉နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရုံးချုပ်)၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မြို့ပြနှင့်ဆက်စပ်သည့်ဖြစ်နိုင်ခြေများ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ခြင်းစီမံချက်ဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျောင်းတွင်းအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15805
Page
15806
Page
15807
Page
15808
Current page
15809
Page
15810
Page
15811
Page
15812
Page
15813
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department