တွန်းဇံ စက်တင်ဘာ ၂၆
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်(၁၀) နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း ပရဝဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရာ၌ တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြစိုးဦးစီး၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၅ ဦးခန့်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)