အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိရေးအတွက် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းကို ဩဂုတ်လမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်သည်။
Sep 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကျက်သရေဆောင် ဥက္ကလာပ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို (၂၀၁၇)ခုနှစ်က စတုတ္ထအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ရာ (၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် အတွက် စေတီတော်နှင့် အရံစေတီရှစ်ဆူတို့အား ပဉ္စမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရာတွင် ပြုပြင်မွမ်းမံရန်အတွက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မဟာမုနိဓမ္မာရုံသို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈:၄၄)အချိန်က ဥက္ကလာပ စေတီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊အမှတ်(၃)ရပ်ကွက်ရှိ အနှိုင်းမဲ့ ဆုပန်ပြည့်စေတီ ဓမ္မာရုံခန်းမ၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
Sep 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လွိုင်လင် တပ်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ‌ဒေသခံ မိဘပြည်သူများအတွက် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ယနေ့နံနက် (၈)နာရီက မြို့မဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
Sep 25,2022
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ ဗလမင်းထင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၈၁၀'၁၂'၆") ဆောင်ရွက် ပြီးစီးနေမှုကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကြက်ခြေနီအသင်းမှ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို စက်တင်ဘာ၂၅ ရက်နံနက် ၈ နာရီအချိန်က မြို့မစျေး၌ အခမဲ့ ဖြန့်ဝေခဲ့သည်။
Sep 25,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များက ကုတင်(၂၀၀)ဆံ့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ယနေ့နံနက်(၁၀)နာရီတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။