Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Oct 01,2022
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ်ငွေကျပ် ၁၀၀၀၀ စီထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ထောက်ပံ့ပေးအပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်းမှ ယမန်နေ့ညနေ ၃ နာရီက ရပ်ကွက်တာဝန်ရှိ သူများထံထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်
Oct 01,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးပြီး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးကြစေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့မ၊ တောင်သူနည်းပညာပြန့်ပွားရေးစင်တာ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက်ပွဲ လှည့်လည်ကြည့်ရှုအားပေး
Oct 01,2022
ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကမ်းခြေ တစ်လျှောက် စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ညနေပိုင်းက စစ်တွေကမ်းခြေတွင် ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလှည့်လည် ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်/မြို့နယ် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့နှင့် ဘော်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီးကြပ်မှု့အဖွဲ့တွေ့ဆုံ
Oct 01,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ဘော်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီကြပ်မှု့အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက ဘော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)" အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ရောဂါကာကွယ်ထိုးနှံပေး
Oct 01,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်ခဲ့သည့် "(၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)" အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန် နမ့်ခမ်းမြို့ရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးရောဂါနှင့်ပတ်သက် သည့် အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
Oct 01,2022
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ ချောင်းဆုံမြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး…
Oct 01,2022
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဦးစားပေး ကဏ္ဍအနေဖြင့် အလေးထားဆောင်လျက်ရှိရာ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဟောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးတွေ့ဆုံဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီးမံချက်ဖြင့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ် ဆက်လက်ပြုလုပ်ပေး
Oct 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ၊ သဒ္ဓမ္မဝတီကျောင်းတိုက်တွင် ယမန်နေ့နံနက်မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ အမှတ်(၇)ရပ်ကွက်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ နိုင်ငံသားစိစစ်ရေးကဒ်မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နေ့လယ် (၂)နာရီခွဲအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးကံဝင်းမှ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15720
Page
15721
Page
15722
Page
15723
Current page
15724
Page
15725
Page
15726
Page
15727
Page
15728
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department