အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် သမဝါယမ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်း စီမံကိန်းများကို ရွေးချယ်သတ်မှတ်ခဲ့ပြီး မတည်ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက သမဝါယမစီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Oct 01,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပွဲတော်ကျင်းပရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Oct 01,2022
ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ပေါက်တောမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် မျိုးစိပ်သစ် BA-4 , BA-5 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းလျက် မြို့ပေါ်ရပ်ကွက်များ အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့​ကြသည်။
Oct 01,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာကြရန် MaskCampaignပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လှယ်၍ နှာခေါင်းစည်းMaskများ ဖြန့်ဝေကာကိုဗစ်-၁၉ ရောဂါကာကွယ်ကြရန် အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
Oct 01,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော အသက် ၁၂နှစ်မှ ၁၈နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီမှစ၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းစုရပ်၌ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2022
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။