Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် ဆောင်းနေကြာကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Sep 30,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ဆောင်းနေကြာ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက သရက်မြို့နယ် ပိဿလိမ်းအုပ်စု၊ သဲဖြူကျေးရွာ ကွင်းအမှတ် (၂၀၇ A ခ) (၃၀ဧက) စိုက်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Sep 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားရုံကြီးကို တည်ဆောက်ပေးလျက်ရှိရာ မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပုသိမ်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံရှိ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး…
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပုသိမ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံ အလုပ်သမားများ အား ကိုဗစ်-၁၉ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ Volunteer များနှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက ကာကွယ်ဆေးထိုးနှံမှုကို အဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) (၁၀၀၀)ခု အခမဲ့ဖြန့်ဝေ
Sep 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) (၁၀၀၀)ခု အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေး အပ်ပွဲကျင်းပ
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်း သာယာခန်းမ၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများလွှဲပြောင်း ပေးအပ်ခြင်းနှင့် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ
Sep 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုံဟေးကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာ၌ နေကြာအဓိကအပါအဝင် အခြားဆီထွက် သီးနှံများ စိုက်ပျိုးသော တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့သွင်းအားစုနှင့် စိုက်ပျိုး စရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ၊ အရင်းမပျောက် မတည်ရန်ပုံငွေများ ပံ့ပိုးပေးနိုင်ရန်စသည့် ရည်ရွယ်ချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရဟန်းရှင်လူ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ အရောင်းသွက်
Sep 30,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလ မတိုင်မီကပင်အရောင်းသွက်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှငွေကျပ် တစ်သိန်းအထိရောင်းချရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15724
Page
15725
Page
15726
Page
15727
Current page
15728
Page
15729
Page
15730
Page
15731
Page
15732
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department