သရက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ဘော်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီကြပ်မှု့အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက ဘော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ခရိုင် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းက ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းထားရသည့် ရည်ရွယ်ချက်အား ပြေကြားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ဝင်းနိုင်က ကျေးရွာလုံခြုံရေးဆောင်ရွက်ရန်နှင့် ဥပဒေမဲ့ စွပ်စွဲမှု့များရှိပါက အကြောင်းကြားပေးရန် ပြောကြားပေးခဲ့သည်။
ထို့နောက်ခရိုင် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူး ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြရန်ရှိပါက တင်ပြဆွေးနွေးရန် ပြောကြားပေးခဲ့ပြီး ကျေးရွာနေပြည်သူ့များမှ မိမိကျေးရွာ လိုအပ်ချက်များ တင်ပြပေးခဲ့ကြောင်း သိရသည်။
သရက်ခရိုင်(ပြန်/ဆက်)