နမ့်ခမ်း အောက်တိုဘာ ၁
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်ခဲ့သည့် "(၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)" အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန် နမ့်ခမ်းမြို့ရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးရောဂါနှင့်ပတ်သက် သည့် အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ အိမ်မွေးခွေးများနှင့် မြို့ပေါ်လေလွင့်ခွေးများ ခွေးရူးရောဂါဖြစ်ပွားခြင်း၊ ရောဂါကူးစက်မှု မရှိစေရန်နှင့် လမ်းသွားလမ်းလာ ပြည်သူများအနေနှင့်လည်း ခွေးရူးရောဂါ ကူးစက်ခံထားရသည့် ခွေးများကိုက်ခံရပါက ခွေးရူးရောဂါကူးစက်ဖြစ်ပွားနိုင်သည့်အတွက် " (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)" အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါနှင ပတ်သက်သည့်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ အိမ်မွေးခွေးများ ကောင်ရေ(၂၀)ကောင်အား ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန်ဝေခြင်းနှင့် ကျန်ရှိသည့်ခွေးများလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)