ဒဂုံမြောက် အောက်တိုဘာ ၁
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ်ငွေကျပ် ၁၀၀၀၀ စီထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ထောက်ပံ့ပေးအပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်းမှ ယမန်နေ့ညနေ ၃ နာရီက ရပ်ကွက်တာဝန်ရှိ သူများထံထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွင်း ရပ်ကွက် (၂၇) ခုတွင် လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉၂၉)ဦး တို့အားတစ်ဦးလျှင် ကျပ် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂,၇၈၇,၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ပေးအပ်ခဲ့ရာ ရပ်ကွက်များအလိုက် တာဝန်ရှိသူများက လူမှုရေးပင်စင်များကို အဘိုး၊အဘွားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက် )