Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့နယ်၊အကြိမ်(၅၀)မြောက်ရွှေရတု နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်နှင့်(၂၈)ကြိမ် မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပနိုင်ရေးသြ…
Oct 02,2022
ကော့သောင်းမြို့နယ်၊ အကြိမ်(၅၀)မြောက်ရွှေရတု နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၈)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပနိုင်ရေးသြဝါခံယူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင် ပြုလုပ်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်ဆရာတော်၊ တိုင်းဒေကြီးသံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယ ကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများရပ် ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်၊ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများဆောင်ရွက်
Oct 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ရွှေဘိုမြို့ သိရီမင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး
Oct 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံဆီ ကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယမန်နေ့က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ဈေးတွင် ရောင်းချပေး နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းချောင်းအပန်းဖြေ ဆင်စခန်းအား လည်ပတ်စရာနေရာ ဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်
Oct 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်း၌ ရွှေစက်တော် ဘုရားပွဲရာသီတွင် လည်ပတ်စရာနေရာ ဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းချောင်းအပန်းဖြေ ဆင်စခန်းတာဝန်ခံ ဦးထက်နိုင်အောင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့၌ကျင်းပသော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်…
Oct 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမ၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မိုးသက်က ရဲချုပ်၏သဝဏ်လွှာအားဖတ်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့နှင့် အဖွဲ့ဝင်များ နေပြည်တော်မှ ကျိုင်းတုံမြို့သို့ ရောက်ရှိ…
Oct 02,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ် တက်ရောက်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Oct 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်း တွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15707
Page
15708
Page
15709
Page
15710
Current page
15711
Page
15712
Page
15713
Page
15714
Page
15715
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department