မန်းချောင်းအပန်းဖြေ ဆင်စခန်းအား လည်ပတ်စရာနေရာ ဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မင်းဘူး  အောက်တိုဘာ  ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်း၌ ရွှေစက်တော် ဘုရားပွဲရာသီတွင် လည်ပတ်စရာနေရာ ဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းချောင်းအပန်းဖြေ ဆင်စခန်းတာဝန်ခံ ဦးထက်နိုင်အောင်ထံမှ သိရသည်။

ရွေစက်တော် ဘုရားဖူးရာသီတွင် ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ တစ်ရာသီလျှင် တစ်သိန်းကျော် လာရောက် လည်ပတ်ကာ ဆင်စီးပြီး မန်းချောင်းနှင့် ဆင်စခန်းဝန်းကျင်ရှိ တောတောင် စိမ့်စမ်းများနှင့် ကျေးငှက်သာတကာများ၏ အရောင်အသွေး စုံလင်လှသည့် သဘာဝရှုခင်းများကို ကြည့်ရှုခံစားစေရန် ပြင်ဆင်ထားရှိသွားမည်ဖြစ်ပြီး ဝန်ဆောင်မှုဈေးနှုန်းများမှာ ပြည်တွင်းဧည့်သည် ၅၀၀၀ ကျပ်နှင့် ပြည်ပ ခရီးသွားဧည့်သည် ၁၀၀၀၀ ကျပ်နှုန်းထားများဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ရွှေစက်တော်မန်းချောင်း အပန်ဖြေဆင်စခန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆင်အကောင်ရေ ၁၁ ကောင်ရှိကာ မြန်မာပြည် အရပ်ရပ်ရှိ ခရီးသွား ပြည်သူများ အနေဖြင့် ဆင်စီးပြီး မန်းချောင်းဘေးရှိ သဘာဝရှုခင်းများ လေ့လာနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဆင်ထိန်းသိမ်းရေစခန်းကို ရွှေစက်တော် ဘုရားကြီးအနီး မန်းချောင်းဘေး မြေဧရိယာ ၆၀ ဧကပေါ်တွင် တည်ဆောက်ထားပြီး ကြိုးပြင်ကာကွယ်တော ဧက ၅၀ နှင့် ဆင်စားကျက်မြေ ဧရိယာ ၇၀၀ ဧကသတ်မှ တကာ ၈ မိုင် ကားလမ်းဘေးတွင် တည်ရှိပြီး ရွှေစက်တော် ပါဒစေတီတော်များနှင့် ၂ မိုင်သာ ဝေးကွာတာကြောင့် ဘုရားဖူးလာပြည်သူများ ဘန်ဂလိုများတွင် တည်းခိုကာ အေးချမ်းစွာ လေ့လာလည်ပတ်နိုင်တော့မည် ဖြစ်သည်။

ဇေယျာထက်(မင်းဘူး)