ဟိုပုံး အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံဆီ ကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယမန်နေ့က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ဈေးတွင် ရောင်းချပေး နေကြောင်းသိရသည်။
ဟိုပုံးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဖက်တလမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံး ဆီ တစ်ပိဿာ ၅၃၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ရှမ်းပြည်နယ် ဆီကုန် သည်များအသင်းဝင် သမာဓိစားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးဝယ်လုပ်ငန်းရှင်မှ Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက် /ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀ ရောင်းချပေး နိုင်ခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)