မြိတ်မြို့၌ကျင်းပသော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်

မြိတ် အောက်တိုဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမ၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ  မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးဉာဏ်ဇော်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မိုးသက်က ရဲချုပ်၏သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

အခမ်းအနားတွင် ဒုရဲမှူးကြီးကျော်မိုးသက်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားကာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရဲတပ်ဖွဲ့အတွင်း ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ‌ပေးအပ်ခြင်း၊ တပ်ဖွဲ့ဝင်မိသားစုများအား နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆုများ ပေးအပ်ခြင်း၊ ရဲမှုထမ်းဟောင်းများအား ဂါဝရပြု လက်ဆောင်များပေးအပ်ခြင်းနှင့် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clips များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မန်နေ့ကျင်းပသော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားသို့ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးဉာဏ်ဇော်နှင့်အဖွဲ့ဝင်များ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မိုးသက်၊ မြိတ်မြို့နယ်ရဲမှူး ရဲဝင်းစိုးနှင့် လက်ရုံးတပ်ဖွဲ့များမှ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟေမာန်စိုး၊ မြိတ်ခရိုင်