ရွှေဘို အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ရွှေဘိုမြို့ သိရီမင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရိပ်သာရှိ ဆီးချို၊ သွေးတိုးနှင့် နာတာရှည် ရောဂါခံစားနေရသည့် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်၊ ကာကွယ်ဆေးထိုးနှံခြင်း၊ တစ်ကြိမ်တစ်ခါမှ ထိုးနှံရခြင်းမရှိသေးသည့် အဘိုးအဘွား (၃)ဦးအား Sinopharm(BIBP)(၂)ကြိမ်ထိုးနှံပြီးသည့် အဘိုးအဘွား(၁၅)ဦးတို့အား Booster Dose ထိုးနှံခြင်းအားလည်းကောင်း၊ အလားတူဝက်လက်မြို့နယ် ကြို့ပင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၄၄)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်