အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် (၈:၃၀)အချိန် က ကိုဗစ်-၁၉ ရောဂါပိုး စောင့်ကြည့်ထိန်းချုပ်နိုင်ရေးနှင့် အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော မိဘပြည်သူများ၊ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအနေဖြင့် နေအိမ်မှပြင်ပသို့ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ ခြင်းဖြစ်ကြောင်း သိရသည်။
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ ရွာမ(၂)လမ်းရှိ သုံးထပ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ၃၇ ကြိမ်မြောက် ပါဠိပထမပြန်နှင့် ၃၈ ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Oct 03,2022
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ် (၃)ရပ်ကွက်၊ ငွေကြာရံပရိယတ္တိစာသင်တိုက်၌ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
Oct 03,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အတွင်း သဘာဝသယံဇာတဂေဟစနစ်ကို ပျက်ဆီးစေသော  ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign လှုံ့ဆော်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ မြို့မဈေးကြီး၌ ပြုလုပ်ခဲ့သည်။
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ သီတင်းကျွတ်လဆန်း (၈)ရက်နေ့ ဇီဝိတဒါနကုသိုလ်အလှူ အဖြစ် ဓမ္မစင်္ကြာကျောင်းတိုက်တွင် ဆရာလေးများ၊ ယောဂီများနှင့် ဥပုလ် သီလဆောက်တည်ကြသောပြည်သူများအား ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းတိုက်အတွင်း ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။
Oct 03,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအားဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
Oct 03,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပခဲ့သည်။