အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝါတွင်းကာလအတွင်း ဆွမ်း၊ ကွမ်းများပြည့်စုံစွာဖြင့် သီတင်းသုံးနိုင်ရေးအတွက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလတနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်း လှူပွဲကို ယနေ့နံနက် ၈နာရီအချိန်က လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 02,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၁၄၈)ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်း ကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
Oct 02,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့‌နေ့လယ်ပိုင်းအချိန်က  မော်လမြိုင်မြို့ သာသနာ့ဗိမာန်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ၊  ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)တွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရေးအတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ပန်းတုံးကြီးကျေးရွာနှင့် ပန်းတုံးလေးကျေးရွာသို့ ကွင်းဆင်းပြီး ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 02,2022
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ (၄၉)ကြိမ်​မြောက်၊ (၁၀၈)နာရီ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲ​ အောင်ပွဲမင်္ဂလာအခမ်းအနားကို ​ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ရာ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဒုတိယအုပ်ချုပ်​ရေးမှူး ဦး​ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယအုပ်ချုပ်​​ရေးမှူး ဦးစစ်ငြိမ်း​အေး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 02,2022
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက် တံခွန်စိုက် ဆုရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့‌နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တံခွန်စိုက်ဆုရရှိသည့် ဘိလိယက်နှင့် စနူကာအသင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Oct 02,2022
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊စက်တော်ရာ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်နှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အ ဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြခဲ့ကြသည်။
Oct 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌  သံဃာများ၊  သီလရှင်များအား  ဥပုသ်နေ့တိုင်း အရုဏ် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူလျက်ရှိရာ ယနေ့ နံနက် ၃ နာရီက အမှတ် (၉) ရပ်ကွက်တွင် အရုဏ် ဆွမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။