ကော့သောင်း အောက်တိုဘာ ၂
ကော့သောင်းမြို့နယ်၊ အကြိမ်(၅၀)မြောက်ရွှေရတု နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၈)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပနိုင်ရေးသြဝါခံယူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင် ပြုလုပ်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်ဆရာတော်၊ တိုင်းဒေကြီးသံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယ ကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများရပ် ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်သည်။
အခမ်းအနားအား နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ဖွင့်လှစ်ပြီး ကော့သောင်းမြို့နယ်၊ အကြိမ်(၅၀)မြောက်ရွှေရတု နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့်(၂၈)ကြိမ်မြောက် ဝန်ထမ်း ပေါင်းစုံစုပေါင်းမဟာဘုံကထိန်အလှူတော်အောင်မြင်စွာကျင်းပနိုင်ရေးအစီအစဉ်များအားတာဝန်ရှိသူများကလျှောက်ထားပြီး ဆရာတော်သံဃာတော်ကြီးများထံမှ သြဝါဒခံယူကြသည်။
ကော့သောင်းမြို့နယ်၏ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်အလှူတော် အားနှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ရာယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ လာမည့်တန်ဆောင်မုန်းလပြည့်နေ့တွင်အောင်မြင်စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးလိုအပ်သည့် စီစဉ်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)