ချောက်မြို့နယ်၌ (၄၉)ကြိမ်​မြောက် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ​အောင်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ

ချောက် အောက်တိုဘာ

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ (၄၉)ကြိမ်​မြောက်၊ (၁၀၈)နာရီ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲ​ အောင်ပွဲမင်္ဂလာအခမ်းအနားကို ​ယနေ့နံနက် နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ရာ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဒုတိယအုပ်ချုပ်​ရေးမှူး ဦး​ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယအုပ်ချုပ်​​ရေးမှူး ဦးစစ်ငြိမ်း​အေး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောဒဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာ​တော် ဘဒ္ဒန္တ​ကေသဝမှ ငါးပါးသီလနှင့်သြဝါဒများချီးမြှင့်​ခဲ့သည်။ ဆက်လက်၍ ဆရာ​တော်/သံဃာတော်များက မေတ္တာသုတ်တရား​တော်ရွတ်ဆိုခြင်း၊ လယ်တီစာသင်တိုက်ဆရာ​တော်က အောင်ဂါထာရွတ်ဖတ်ပူ​ဇော်ခြင်းများ​ ဆောင်ရွက်ခဲ့​ပြီး ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်​ရေးမှူးဦး​ကျော်စိုးက သာသနာ​ရေးဆိုင်ရာများ​လျောက်ထားခဲ့သည်။

ထို့နောက်သာသနာ့ဗိမာန်​တော်​ ဂေါပကဥက္ကဋ္ဌမှ​ ကျေးဇူးတင်စကား​ ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက ကုသိုလ်ရှင်များ၏လှူဖွယ်ဝတ္ထုများကို  ဆရာ​တော်/သံဃ​တော်များအား ဆက်ကပ်လှူဒါန်းပြီး​ မြို့နယ်သံဃနာယကဥက္ကဌဆရာ​တော်ဘဒ္ဒန္တ​ကေသဝမှ လှူဒါန်းမှု အစုစုတို့အတွက်​ ရေစက်သွန်းချ အမျှ​ပေး​ဝေခဲ့သည်။

အခမ်းအနားကို အေး​စေတီစာသင်တိုက်ဆရာ​တော်က ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့​ပြီး အခမ်းအနားအပြီးတွင်​ စေတနာရှင် အလှူရှင်များက လှူဒါန်း ထားသည့် လှူဖွယ်ပစ္စည်းများအား ပဋ္ဌာန်းဘာဏက​ ဆရာ​တော်များထံ စာ​ရေးတံမဲ​ဖောက်၍ အစီအစဉ်အတိုင်း ပင့်​ဆောင်လှူဒါန်း​ပေးခဲ့​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)