မြောင်းမြ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ သံဃာများ၊ သီလရှင်များအား ဥပုသ်နေ့တိုင်း အရုဏ် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူလျက်ရှိရာ ယနေ့ နံနက် ၃ နာရီက အမှတ် (၉) ရပ်ကွက်တွင် အရုဏ် ဆွမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါတွင်း ဥပုဒ်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူပွဲတွင် မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော်အရှင်သူမြတ် အပါး (၁၁၃၃)ကျော်နှင့် သီလရှင်စာသင်တိုက်မှ သီလရှင်(၂၁၂) ပါးတို့အား အမှတ် (၉) ရပ်ကွက်သူ/သားများနှင့် ကိုစန်းအေးနဲ့လူငယ်များ၊ စေတ နာရှင်၊ အလှူရှင် များက အရုဏ်ဆွမ်း၊ ဆွမ်းဟင်းများကို လောင်းလှူခဲ့ကြသည်။
ထိုအရုဏ်ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲတွင် ဘုန်းကြီးကျောင်းပေါင်း( ၉၁) ကျောင်းနှင့် သီလရှင်စာသင်တိုက် (၁၆)ကျောင်းတို့အား ဆွမ်းလောင်းလှူနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်