မုဒုံ အောက်တိုဘာ ၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၁၄၈)ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်း ကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် နှစ်စဥ်ရိုးရာမပျတ် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ လှေလှော်သဘင်ပြိုင်ပွဲကို ကန်ကြီးမင်္ဂလာကန်တော်တွင် မြို့ပေါ်ရပ်ကွက်များရှိ လှေလှော်အသင်း ခြောက်သင်းမှ ပါဝင်ယှဥ်ပြိုင် လှော်ခတ်သွားမည်ဖြစ်ရာ ဆုများကို အသီး သီးချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် မြို့လုံးကျွတ်ဆရာ တော် သံဃာတော်များအား ဆွမ်းကြီးလောင်းလှူပွဲ၊ ညပိုင်းတွင် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလတော်မြတ်ခံယူခြင်းနှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကန်ကြီး စေတီတော်ဘုရားတွင်ဆရာတော် သံဃာတော်ကြီးများ၊ ဂေါပကအဖွဲ့အဝင်များနှင့်အတူ မြို့သူ/သားတို့မှ ဆီမီး (၉၀၀၀) ဆက်ကပ်ပူဇော်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
သားငယ် (ပြန်/ဆက်)