ကြံခင်း အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ သီတင်းကျွတ်လဆန်း (၈)ရက်နေ့ ဇီဝိတဒါနကုသိုလ်အလှုအဖြစ် ဓမ္မစင်္ကြာကျောင်းတိုက်တွင် ဆရာလေးများ၊ ယောဂီများနှင့် ဥပုလ် သီလဆောက်တည်ကြသောပြည်သူများအား ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းတိုက်အတွင်း ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။
အဆိုပါ ဆေးကုသပေးခြင်းကို မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်နှင့် ဝန်ထမ်းများက ဒူးနာ၊ ဖျားနာ၊ ဆီးချို၊ သွေးချို၊ သွေးတိုး စတဲ့ရောဂါများကို ကုသပေးခဲ့ပြီး ဓမ္မစင်္ကြာ ကျောင်းတိုက်ရိပ်သာရှိတရားထိုင် ဆရာလေး၊ ယောဂီနှင့် သီလဆောက် တည်သူပြည်သူ(၅၂)ဦးအား ဆေးကုသ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)