ပါဠိပထမပြန်နှင့်ယဉ်ကျေးမှုစာအောင်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အုတ်ဖို အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ ရွာမ(၂)လမ်းရှိ သုံးထပ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ၃၇ ကြိမ်မြောက် ပါဠိပထမပြန်နှင့် ၃၈ ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဦးစန္ဒောဘာသမှအဖွင့်သြဝါဒစကားချီးမြှင့်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ ပါဠိပထမပြန်ဆုရရှိသည့်သံဃာတော်များနှင့် ယဉ်ကျေးမှုစာအောင်မောင်မယ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပြီး ဂေါပကတစ်ဦးမှ ငွေစာရင်းရှင်းတမ်းက ဖတ်ကြားတင်ပြသည်။ ထို့နောက် မြို့နယ်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ မတောင့်တဆရာတော်မှ နိဂုံးချုပ်သြဝဒစကားချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်သူ