တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

တောင်ဥက္ကလာပ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် နာရီမှစ၍ အမှတ် ()ရပ်ကွက်၊ ငွေကြာရံပရိယတ္တိစာသင်တိုက်၌ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အေရးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များမှ အသက်(၁၅)နှစ်အောက် ရဟန်းသာမဏေများ၊ အသက် (၁၅)နှစ်နှင့် အသက် (၁၈)နှစ်ကြား ရဟန်းသာမဏေများနှင့် အသက်(၁၈)နှစ်နှင့်အထက် ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Myancopharm ကို အကြိမ်ပြည့်နှင့် zero dose တို့အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ရဟန်းသံဃာ (၂၇၅)ပါး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထက်ထက်(ပြန်/ဆက်)