အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးဆိုင်း ဘုတ်များစိုက်ထူခြင်းကို ယနေ့ အောက်တိုဘာလ  ၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 05,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ မကူးစက်မပြန့်ပွားစေရေးအတွက် အရှိန်အဟုန်မပြတ် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ ပြည်သူအများဆုံးသွားလာသော မုံရွာမြို့ မြဝတီရပ်ကွက် ရုံးရှေ့ ကျောက္ကာလမ်းမကြီးပေါ်တွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထကရွှေတောင် ရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်။
Oct 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  ဖူဆယ်အားကစားနည်း တိုးတက်မြင့်မားစေရန်၊ လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားမှုရှိလာကြစေရန်တို့ကို ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
Oct 05,2022
 စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အား ကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ
Oct 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ၂၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
Oct 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အဟာရပြည့်ဝစွာနေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုရေးပင်စင်ခံစားခွင့်ရှိသူ ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/-)နှုန်းဖြင့်  ဘိုးဘွား(၄၉)ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးကြောင်း သိရသည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအကြိမ်ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၆၂၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။